Get Mystery Box with random crypto!

Mizzima

Logo of telegram channel mizzimatv — Mizzima M
Logo of telegram channel mizzimatv — Mizzima
Channel address: @mizzimatv
Categories: Politics , News
Language: English
Subscribers: 52.79K
Description from channel

Mizzima News brings you the latest news and insightful reports about Myanmar.
https://bur.mizzima.com
https://en.mizzima.com
https://www.facebook.com/MizzimaDaily/
https://twitter.com/MizzimaNews

Ratings & Reviews

3.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

0

1 stars

1


The latest Messages

2023-07-24 15:14:52
July - 24 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
898 viewsedited  12:14
Open / Comment
2023-07-24 15:07:56 ​​ပီအက်စ်ဂျီနဲ့ ပြင်သစ်တိုက်စစ်ကစားသမား ကိုင်လီယန် အမ်ဘာပေအတွက် အယ်လ်ဟီလာအသင်း 'ပေါင် ၂၅၉ သန်း'ဖြင့် ကမ်းလှမ်း
====================

ဆော်ဒီအာရေးဗီးယားကလပ် အယ်လ်ဟီလာဟာ ပဲရစ်စိန့်ဂျာမိန်းကစားသမား ကိုင်လီယန် အမ်ဘာပေကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၅၉ သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း Press Association က ဖော်ပြပါတယ်။

စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးတဲ့ အသက် ၂၄ နှစ်အရွယ် ပြင်သစ်အသင်းခေါင်းဆောင်ဟာ ပြင်သစ်ချန်ပီယံအသင်းမှာ သက်တမ်းတိုးဖို့ ငြင်းဆိုထားပြီး ဂျပန်ကို ရာသီကြိုခရီးစဉ်မှာ ပါဝင်ခြင်းမရှိခဲ့ပါဘူး။
ပီအက်စ်ဂျီဟာ အမ်ဘာပေကို လာမယ့်နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာခွင့်ပေးမယ့်အစား အခုရောင်းချလိုနေပါတယ်။

၂၀၁၇ မှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့လာခဲ့တဲ့ နေမာရဲ့ ပေါင်သန်း ၂၀၀ ဟာ လက်ရှိစံချိန်မှတ်တမ်းဖြစ်ပါတယ်။
ပီအက်စ်ဂျီဟာ ဘရာဇီးလ်တိုက်စစ်မှူး နေမာကို ကမ္ဘာ့ဈေးအကြီးဆုံးကစားသမားဖြစ်လာစေဖို့ ၂၀၁၇ မှာ သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးကို အသက်ဝင်စေခဲ့ပါတယ်။

တကယ်လို့ အမ်ဘာပေ ပြောင်းရွှေ့ဖြစ်မယ်ဆိုရင် သူဟာ ၂၀၁၇ မိုနာကိုကနေ ပီအက်စ်ဂျီကို ပေါင် ၁၆၆ သန်ဖြင့် ပြောင်းရွှေ့လာပြီးနောက် ကစားသမားတစ်ဦးအတွက် ပေးချေရတဲ့ အမြင့်ဆုံး အခကြေးငွေ ၃ ခုအနက် ၂ ခုကို ဦးဆောင်သူဖြစ်လာမှာပါ။

အမ်ဘာပေက သူဟာ သူ့ရဲ့စာချုပ် သက်တမ်းကုန်သွားတဲ့အခါ မထွက်ခွာခင် ပီအက်စ်ဂျီမှာ နောက်ထပ်တစ်နှစ် ဆက်နေလိုကြောင်း ပြောပါတယ်။ သူဟာ ရီးယဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ချင်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် သိရှိထားကြပါတယ်။ ဥက္ကဌ နာဆာအယ်လ်ခါလိုင်ဖီက ခိုင်ခိုင်မာမာရပ်တည်ဖို့ သူ့ရဲ့သန္နိဋ္ဌာန်ကို ရှင်းလင်းပြောကြားခဲ့ပြီး အမ်ဘာပေဟာ ၂၀၂၄ မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုဖို့ "မဖြစ်နိုင်ဘူး"လို့ ပြောဆိုသွားပါတယ်။

အမ်ဘာပေအကြာင်းနဲ့ပတ်သက်လို့ ကလပ်အသင်းအတော်များများက မေးမြန်းခဲ့ကြပြီး ပီအက်စ်ဂျီဟာ အခုနွေရာသီမှာ ရောင်းချဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။
861 views12:07
Open / Comment
2023-07-24 14:52:52 ​​ကရင်နီပြည်နယ်သို့ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းအဖွဲ့များ တိုက်ပွဲ ဖြစ်ပွားနေ
==============

001

(မဇ္စျိမ)။  ။ကရင်နီပြည်နယ်သို့ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးပူးပေါင်း အဖွဲ့တို့ကြား ဖယ်ခုံ-လွိုင်ကော်လမ်းမကြီးတလျှောက် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF)ထံမှ သိရသည်။

စစ်ကောင်စီသည် ကရင်နီပြည်နယ်အတွင်းသို့ ဇူလိုင်လဒုတိယပတ်မှစ၍ တပ်အင်အားဖြည့်တင်းနေခြင်း ဖြစ်ပြီး ရှမ်းပြည်ဘက်မှတဆင့် ဖယ်ခုံမှ လွိုင်ကော်ဘက်သို့ ယာဉ်တန်းဖြင့် အင်အားဖြည့်တင်းခြင်းနှင့် ခြေလျင်စစ်ကြောင်းထိုးခြင်းများ ပြုလုပ်နေသည်ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနမှတာဝန်ရှိ သူတဦးက ပြောသည်။

“ထိုးစစ်ဆင်ဖို့လည်း ဖြစ်နိုင်တယ်။ မြေပြင်တိုက်ပွဲတွေမှာ သူတို့အားနည်းသွားလို့ ပြန်ဖြည့်တာမျိုးလည်း ဖြစ်နိုင်တယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဖယ်ခုံ-လွိုင်ကော် လမ်းပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စုနှင့် ဒီးမော့ဆိုမြို့နယ်တို့ တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲငယ်များဖြစ်ပွားနေကြောင်း သိရသည်။

“ဒီတရက်၊ နှစ်ရက်လေကြောင်းနဲ့ ဗုံးကြဲတာမျိုးမရှိပေမယ့် တောက်လျှောက်တော့ လေယာဉ်၊ ရဟတ် ယာဉ်နဲ့ သွားတာမျိုးတွေရှိပါတယ်”ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူကပြော သည်။

ထို့ပြင် ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့တွင်လည်း စစ်ကောင်စီက ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ နယ်မှ ဖယ်ခုံဘက်သို့ စစ်ကားအစီးရေ ၈၀ ဖြင့် အင်အားဖြည့်တင်းလာကြောင်း ဖယ်ခုံ PDF တပ်ရင်း (၁၀၀၂) ထံမှ သိရသည်။

“ဒီမနက်ပဲ ဒီတကြောဖုန်းလိုင်းကတော့ မရှင်းဘူး။ မြို့ထဲနေတဲ့လူက ပေးလာတာ ဖယ်ခုံမြို့နယ်ကို အစီး ၂၀ တက်သွားတယ်။ မိုးဗြဲဘက်ကို ၂၀ ဆင်းသွားတယ်။ အခုထပ်ရထားတဲ့ သတင်းအရ နောက်ကား အစီး ရေ ၄၀ က ထပ်ဆင်းလာနေတယ်လို့ ပြောလာတယ်” ဟု ဖယ်ခုံ PDF တပ်ရင်း (၁၀၀၂)မှ တာဝန်ရှိသူတဦး က ပြောသည်။

ကရင်နီပြည်နယ်တွင် စစ်ရေးတင်းမာနေသည့်အတွက် လွိုင်ကော်-မိုးဗြဲ၊ လွိုင်ကော်-ဆီဆိုင် လမ်းမကြီး တလျှောက် ကားကြီးများဖြတ်သန်းသွားလာခြင်းမပြုရန်နှင့် ကားငယ်များအနေဖြင့်လည်း အရေးပေါ်ကိစ္စ မှလွဲ၍ အသွားအလာမပြုကြရန် KNDF က တားမြစ်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့က တွဲကား၊ ဆယ်ဘီးကားစသည့်ကားကြီးများအသုံးပြုပြီး အင်အားဖြည့်တင်းနေသည့် အတွက် ကားကြီးများဖြတ်သန်းသွားလာမှုကိုတားမြစ်ထားခြင်းဖြစ်ကြောင်း KNDF တာဝန်ရှိသူက ဆို သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့ကလည်း မိုးဗြဲ-လွိုင်ကော်လမ်းမကြီးအတိုင်း ဆင်းလာသည့် စစ်ကောင်စီ လက်‌အောက်ခံ တပ်မ (၅၅) ကို ဖယ်ခုံ PDF တပ်ရင်းအမှတ် (၁၀၀၆) နှင့် KNDF တပ်ရင်း (၃) တို့က ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုရှိခဲ့ကြောင်း ဖယ်ခုံ PDF က ထုတ်ပြန်ထား သည်။

ကရင်နီပြည်နယ်တွင် အာဏာသိမ်းချိန်မှစ၍ ၂၀၂၃ ခုနှစ် ဇွန်လကုန်အထိ တိုက်ပွဲပေါင်း ၇၂၀ ကျော် ဖြစ် ပွားခဲ့ပြီး နေအိမ် ၁,၆၀၀ ကျော် ပျက်စီးကာ အရပ်သားသေဆုံးသူ ၃၆၀ ကျော် ရှိကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)က ထုတ်ပြန်ထားသည်။

စာတည်း။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်နီပြည်နယ်
#KNDF
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
817 views11:52
Open / Comment
2023-07-24 14:51:31 ​​တန့်ဆည်တွင် စစ်တပ်လှည့်ကင်းကားကို တိုက်ခိုက်မှု ၂ဦးသေဆုံးဟုဆို
=================

MTO

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တွင် စစ်တပ်လှည့်ကင်းကားကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး ကားတစ်စီး သိမ်းဆည်းနိုင်ခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ ဇူလိုင်လ ၂၄ရက်နေ့နံနက်က ကားသုံးစီးဖြင့် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ဖွဲ့အား တန့်ဆည်မြို့ သုသာန်အနီး၌ အနီးကပ်သွားရောက်ပစ်ခတ်ခဲ့ခြင်းဟု တန့်ဆည်မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက မဇ္ဈိမကို ပြောသည်။

“တန့်ဆည်မြို့ သင်္ချိုင်းကုန်းနားမှာ ကားတွေရပ်ပြီး ပြည်သူတွေကို စစ်ဆေးရေးလုပ်တာပေါ့ဗျာ။ အဲ့ဒါ ကို သတင်းရလို့ ပကဖ ရဲဘော်တွေ သူတို့ ရှိတဲ့ နေရာအနားထိကပ်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ တာ” ဟု၎င်းက ပြောသည်။

အလစ်အငိုက်တိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့သည် ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ ကားများကို မောင်းနှင်ထွက်ပြေးသွားစဉ် မတ်တူးကားတစ်စီးကျန်ခဲ့သည်ဟု သိရသည်။ ကျန်ခဲ့သည့်အဆိုပါကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသိမ်းဆည်းခဲ့သည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး‌ နောက် ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးသွားခဲ့သည်ဟု တန့်ဆည်မြို့အခြေစိုက် Myanmar Defense Force -Taze -Tigerမှ တာဝန်ခံတစ်ဦးကပြောသည်။

" စစ်တပ်ဘက်က နှစ်ဦးသေတာ ဟုတ်ပါတယ်။ ကားတစ်စီးသိမ်းနိုင်တာလည်းကြားပါတယ်" ဟု Myanmar Defense Force -Taze -Tigerမှ တာဝန်ခံကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း တန့်ဆည်မြို့ပေါ်တွင် စစ်ဆေးမှုများ ပိုမ်ိုပြလုပ် လာနေပြီး လူငယ်အချို့ကို အကြမ်းဖက်ဖမ်းဆီးခြင်းများရှိနေသည်ဟု သိရသည်။

“ အခုရက်ပိုင်း အစစ်အဆေးကြမ်းလာတယ်။ ယောက်ျားလေးတွေဆို ဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာ တွေရှိလာတယ်” ဟု တန့်ဆည်မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ပြောသည်။

တန့်ဆည်မြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၅ရက်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်ဟု သိရသည်။ ဇူလိုင်လ ၁၇ရက်အထိ စစ်ရေးတင်းမာခဲ့ပြီး စစ်ကောင်စီတပ်က သပြေရင်းရွာ၊ ပဲဇင်းကြီးရွာနှင့်ခရမ်းခြံရွာတို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု Myanmar Defense Force -Taze -Tigerမှ တာဝန်ခံကပြောသည်။ လတ်တလော၌ စစ်ကြောင်းမရှိဘဲ စစ်ရေးအခြေအနေလည်း ငြိမ်သက်နေကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စာတည်း - မောင်ကြီး
#mizzima
#တန့်ဆည်မြို့
#စစ်တပ်လှည့်ကင်းကား
#တိုက်ခိုက်ခံရ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
696 views11:51
Open / Comment
2023-07-24 14:02:16
ဒီတပတ်ရဲ့ သတင်းတုတွေ့ရှိချက်တွေကို ဂျူချန်းက တင်ဆက်ထားပါတယ်။

အပြည့်အစုံ ကြည့်ရန်




#Misinformation_Buster #Fake_News #reels #shorts #weekly_package
859 views11:02
Open / Comment
2023-07-24 13:59:17 ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
===============






------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
820 views10:59
Open / Comment
2023-07-24 13:58:13 လူငယ်ဗေဒင်ဆရာ လင်းညို့တာရာကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းအမှား |Misinformation Buster S3| Ep.76
==============

မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ 

ဒီတပတ်မှာတော့
- မဇ္ဈိမက ဖော်ထုတ်ခဲ့တဲ့ ငွေကြေးလိမ်လည်နေတဲ့ ဖေ့ဘုတ်ပေ့ချ်တွေဟာ ဆက်လက် လိမ်လည်နေတာတွေနဲ့ ပတ်သက်ပြီး ပညာပေးအစီအစဉ်နဲ့အတူ 

-လူငယ်ဗေဒင်ဆရာ လင်းညို့တာရာကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းအမှား

-မုဒုံ-သံဖြူဇရပ်လမ်းမှာ မိုးသည်းထန်လို့ ကားလမ်းပိတ်နေတဲ့ကြားကနေ PDF တွေ ဓားပြတိုက်တယ်ဆိုတဲ့ သတင်းမှား စတဲ့ တပတ်အတွင်း ဖော်ထုတ်ခဲ့တဲ့ သတင်းတွေကို ဂျူချန်းက တင်ဆက်သွားမှာပါ။ 





#Misinformation_Buster
#Weekly_Package
#Fake_News
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
761 views10:58
Open / Comment
2023-07-24 13:56:51 ​​ထိုင်ဝမ် ဒုသမ္မတ၏ အမေရိကန်ခရီးစဉ်ကို အလေးထားတားဆီးမည်ဟု တရုတ်အစိုးရ ပြောကြား 
==================

ထိုင်ဝမ်ကို မိမိ၏ပိုင်နက်နယ်မြေအဖြစ် သဘောထားသည့် တရုတ်နိုင်ငံသည် အချုပ်အခြာအာဏာ ပိုင်ဆိုင်ကြောင်း ၎င်း၏တောင်းဆိုမှုကို လက်ခံရန် ဖိအားပေး ကြိုးပမ်းသည့်အနေဖြင့် လွန်ခဲ့သည့် ၃ နှစ်အတွင်း စစ်ရေးနှင့် နိုင်ငံရေးဖိအားများ တိုးမြှင့်လာခဲ့သည်။ အဆိုပါ တောင်းဆိုချက်ကို ထိုင်ဝမ်အစိုးရက ပြတ်ပြတ်သားသား ပယ်ချထားသည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
753 views10:56
Open / Comment
2023-07-24 13:26:24 ​​စစ်ကောင်စီလက်ထက်မှာ မြန်မာပြည်သူတွေဒုက္ခ ဒီထက်ပိုပြီးဆိုးစရာမရှိ | သတင်းသုံးသပ်ချက်
=======================

စစ်ကောင်စီရဲ့ ကျပ်ငွေ ၂၀၀၀၀ တန်ငွေစက္ကူကို လာမယ့် ဇူလိုင် ၃၁ ရက်နေ့ကနေစပြီး ထုတ်မယ်ဆိုတဲ့ သတင်းကြောင့် စီးပွားရေးလောကမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသလို၊ ပြည်သူတွေအကြားမှာလည်း မြန်မာ့ငွေကြေး ဖောင်းပွမှုအတွက် စိုးရိမ်မှုတွေ ဖြစ်နေပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌက ဘုရားဒကာအဖြစ်လှူဒါန်းထားတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ဆောက်ပြီးစီးမှု အထိန်းအမှတ် အနေနဲ့ရော မနှစ် ဇူလိုင် ၂၃ ရက်နေ့က တွေ့ရှိခဲ့တဲ့ ဆင်ဖြူတော် ရဋ္ဌနန္ဒက ရဲ့ တစ်နှစ်ပြည့် အထိန်းအမှတ် အနေနဲ့ပါ ဒီငွေစက္ကူအသစ်တွေကို ထုတ်ဝေတာလို့ ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကတော့ ၂၀၀၀၀ တန် ငွေစက္ကူကို အထိန်းအမှတ်အတွက် အကန့်အသတ်နဲ့သာ ထုတ်ဝေမှာ ဖြစ်တဲ့အတွက် ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဘူးလို့ ဆိုထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့ ၂၀၀၀၀ တန် ထုတ်ဝေမယ်ဆိုတဲ့ သတင်း ကြေညာပြီးချိန်မှာ နိုင်ငံခြားငွေ လဲလှည်တဲ့ နေရာတွေ ပိတ်သွားပြီး ရွှေဆိုင်တွေမှာလည်း ရောင်းသမျှရွှေကိုသာ ဝယ်ပြီး အရောင်းပိတ်လိုက်တာမျိုးတွေ လုပ်လာကြတယ်လို့ သတင်းတွေက ဆိုပါတယ်။
ပြည်ပကြွေးမြီတွေများတာ၊ ပြည်တွင်းမှာ သုံးစရာပြတ်လပ်သွားတာမျိုးတွေ ဖြစ်တဲ့နိုင်ငံတွေဟာ အခုလို ငွေစက္ကူသစ်တွေထုတ်တာ၊ ငွေစက္ကူအများအပြား ရိုက်နှိပ်ထုတ်ဝေတာတွေ လုပ်လေ့ရှိတယ်လို့ စီးပွားရေး ပညာရှင်တွေက သုံးသပ်ကြပါတယ်။

မတည်ငြိမ်တဲ့ နိုင်ငံတွေမှာ ပြည်သူတွေဟာ ဘဏ်တွေကို အယုံအကြည်မရှိကြတော့ဘဲ ငွေကြေး စုဆောင်းမှုတွေ မလုပ်ကြတော့တဲ့အတွက် အစိုးရမှာ ငွေကြေးသုံးစွဲဖို့ အခက်အခဲဖြစ်စေပါတယ်။
အစိုးရလခစားဝန်ထမ်းတွေကို လစာပေးဖို့ကအစ ငွေလိုလာတဲ့အတွက် စစ်ကောင်စီမှာ ငွေလိုလာတာကြောင့် ငွေစက္ကူအသစ်တွေကို ရိုက်နှိပ်ထုတ်ဝေလာတာလို့ ခန့်မှန်းရပါတယ်။

စစ်ကောင်စီလက်ထက် ၂ နှစ်ခွဲကာလမှာ မြန်မာပြည်ဟာ ငွေကြေးဖောင်းပွမှုနှုန်း အဆမတန် မြင့်တက်လာတာ တွေ့ရပါတယ်။
အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်မှာ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းက ၁၃၀၀ ဝန်းကျင်မှာပဲ ရှိခဲ့ပေမယ့် စစ်ကောင်စီလက်ထက်မှာ ပြင်ပပေါက်ဈေး ၃၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ တရုတ်ယွမ်ငွေ၊ ထိုင်းဘတ်ငွေ လဲနှုန်းတွေလည်း အဆမတန် မြင့်တက်ခဲ့တဲ့အတွက် မြန်မာငွေဈေး ထိုးကျတာဟာ သိသိသာသာ မြင်နေရပါတယ်။

အဲဒီလို ပြည်ပငွေလဲနှုန်းတွေ မြင့်တက်သွားတဲ့အတွက် ပြည်တွင်းမှာ နေထိုင်သူတွေရဲ့ ဝင်ငွေတွေဟာ သိသိသာသာ လျော့ကျသွားပြီး ထွက်ငွေက မြင့်တက်သွားပါတယ်။ အရင် ဒေါ်လာဈေး ၁၀၀၀ ခေတ်မှာ လစာငွေ ကျပ်တစ်သိန်းရတဲ့သူက အခုအချိန်မှာ လစာ ၃၅၀၀၀ လောက်ပဲ ရသလို ဖြစ်သွားတာပါ။

ဒါ့အပြင် မြန်မာပြည်မှာ ပြည်ပပို့ကုန်က နည်းနည်းပဲရှိပြီး ကုန်ပစ္စည်းတိုင်းနီးပါးကို ပြည်ပကမှာယူ တင်သွင်းနေရတဲ့အတွက် ဒေါ်လာဈေးတက်တာနဲ့အမျှ ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးတွေက ပိုမြင့်လာတာ ဖြစ်ပါတယ်။

ပြည်တွင်းထုတ်ကုန်တွေဟာလည်း စက်သုံးဆီဈေးမြင့်တက်လို့ သယ်ယူပို့ဆောင်စားရိတ်တွေ မြင့်တက်တာကြောင့် ဈေးတက်တာပါပဲ။ ဆန်ကြမ်းတစ်ပြည်ကိုတောင် ၄၀၀၀ လောက် ပေးဝယ်စားနေရတာ ဖြစ်ပါတယ်။

ငွေကြေးချမ်းသာသူတွေကလည်း စစ်ကောင်စီလက်ထက်မှာ မြန်မာကျပ်ငွေကို အယုံအကြည် မရှိတော့တဲ့ အတွက် ဘဏ်တွေမှာ ငွေမအပ်တော့ဘဲ မြေဝယ်တာ၊ ရွှေဝယ်စုဆောင်းတာတွေ လုပ်လာကြတဲ့အတွက် ရွှေဈေး၊ မြေဈေးတွေ အဆမတန် ထိုးတက်နေပြီ ဖြစ်ပါတယ်။

ဒါတွေဟာ စစ်ကောင်စီ ကျပ် ၂၀၀၀၀ တန်ငွေစက္ကူ ထုတ်ဝေမယ်လို့ မကြေညာခင်ကတည်းက ဖြစ်နေတဲ့ အနေအထားပါ။
စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ငွေကျပ် ၂၀၀၀၀ တန် ထုတ်တာဟာ ငွေကြေးဖောင်းပွမှုကို စိုးရိမ်စရာ မလိုဘူးလို့ ဆိုပေမယ့် ၂၀၀၀၀ တန်ပဲထုတ်ထုတ် ၁၀၀၀၀ တန်၊ ၅၀၀၀ တန် အသစ်တွေပဲ ထပ်ထုတ်ထုတ် မြန်မာပြည်မှာ ငွေကြေးဖောင်းပွမှုက စစ်ကောင်စီလက်ထက်မှာ တရိပ်ရိပ် မြင့်တက်နေတယ်ဆိုတာ သိသာထင်ရှား နေပါတယ်။

စစ်ကောင်စီ အနေနဲ့လည်း ဒေါ်လာငွေ လိုအပ်ချက်များနေတဲ့အနေအထားမှာ စင်ကာပူက ဘဏ် ၂ ခုမှာ ဒေါ်လာ ၅ သန်းကျော် ပိတ်မိနေတဲ့အကျပ် ဆိုက်နေပါပြီ။ ဝန်ထမ်းလစာပေးတာလို ပြည်တွင်း သုံးစွဲဖို့ ငွေကြေးကိုတောင် အသစ်ရိုက်နှိပ်ထုတ်ဝေနေရတာလည်း မြင်သာနေပါတယ်။

စစ်ကောင်စီလက်ထက်မှာ မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခဟာ ဒီထက်ပိုပြီး ဆိုးစရာမရှိတော့ပါဘူး။ ပြည်သူတွေ အနေနဲ့ အကျပ်ရိုက်နေတဲ့ စစ်ကောင်စီအမြစ်ပြတ်တဲ့အထိ ဆက်လက်တောင့်ခံထားနိုင်ဖို့သာ လိုကြောင်း ဖော်ပြလိုက်ပါတယ်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
821 views10:26
Open / Comment
2023-07-24 13:25:17 ​​သရက်ချောင်းမြို့နယ် ရငဲရွာခံ ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးရိုက်နှက်
======================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ရငဲကျေးရွာမှ လယ်သမားလေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးရိုက်နှက်ခံရသူများမှာ ဦးသန်းလှ၊ ဦးကျော်ဝင်း၊ ကိုဇေယျာဦးနှင့် ကိုမဲကျော်တို့ဖြစ်ပြီး ၎င်းတို့ကို ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင်ဖမ်းဆီးကာ စစ်ကောင်စီတပ်စွဲထားသော မြွေတောင်ပေါ်သို့ ခေါ် ဆောင်ရိုက်နှက်ခဲ့ခြင်းဟုဆိုသည်။

“တောင်ပေါ်မှာ စစ်သားတွေတပ်စွဲထားလို့ ဒေသခံတွေရွာမှာ မနေတာကြာပြီ။ အလုပ်ကိုင်ကမရှိတော့ စားရေးသောက်ရေး အရမ်းအခက်ခဲဖြစ်နေလို့ အလုပ်ရှာဖို့ဆင်းသွားချိန် ဖမ်းဆီးခံလိုက်ရတာ” ဟု ရငဲရွာခံတဦးကပြောသည်။

အဆိုပါအမျိုးသားလေးဦးကို ညနေပိုင်း၌ပြန်လည်လွှတ်ပေးခဲ့သော်လည်း အသက် ၅၀ အရွယ် ဦးကျော် ဝင်းသည် ဒဏ်ရာအပြင်းထန်ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း ဆိုသည်။

ရငဲကျေးရွာတွင် စစ်ကောင်စီတပ်မှ တပ်စွဲထားသည်မှာ နှစ်လနီးပါးရှိနေပြီး လက်ရှိအချိန်အထိ ဒေသခံ များရွာအတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း ကာယကံရှင်များက ပြောသည်။
သရက်ချောင်းမြို့နယ်အတွင်းရှိ ရငဲရွာခံအများစုသည် ဥယျာဉ်ခြံလုပ်ငန်းများဖြစ်သော ရော်ဘာနှင့် ကွမ်း သီးခြံလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြကြောင်းလည်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#သရက်ချောင်း
#ရငဲရွာ
#ဖမ်းဆီး
#ထားဝယ်ခရိုင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
763 views10:25
Open / Comment