Get Mystery Box with random crypto!

USDP News

Logo of telegram channel kyawswarks969 — USDP News U
Logo of telegram channel kyawswarks969 — USDP News
Channel address: @kyawswarks969
Categories: Politics
Language: English
Subscribers: 14.12K
Description from channel

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ တရားဝင်သတင်းတွေကို တင်ပေးပါမယ်

Ratings & Reviews

3.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

0


The latest Messages

2023-07-25 18:10:32
130 views15:10
Open / Comment
2023-07-25 18:10:08 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ သင်္ဃန်းကျွန်းခရိုင် ဗုဒ္ဓဘိသေကအနေကဇာတင် ပူဇော်ပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

တောင်ဥက္ကလာ ဇူလိုင် ၂၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ သင်္ဃန်းကျွန်းခရိုင် ဗုဒ္ဓဘိသေကအနေကဇာတင် ပူဇော်ပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအား ယနေ့နံနက် ၆း၀၀ နာရီအချိန်က တောင်ဥက္ကလာပမြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

အစီအစဥ်အရ တောင်ဥက္ကလာပမြို့နယ် အမှတ် ၄ ရပ်ကွက် ရွှေသလ္လာကျောင်းတိုက်ဆရာတော်ဘုရား ဦးကောဝိဒဓဇ အမှူးပြု၍ ပင့်သံဃာ(၅)ပါးတို့မှ ဘုရားအနေကဇာတင်ပူဇော်ခဲ့ကြပါသည်။ ထို့နောက် သီလပေးတရားနှင့် မေတ္တာသုတ်အား ရွတ်ဖတ်ပူဇော်ခဲ့ကြပါသည် ထို့နောက် သင်္ဃန်းကျွန်းခရိုင် ပါတီဥက္ကဌ ဦးကျော်သီဟနှင့် ကော်မတီဝင်များမှဝါဆိုသင်္က္ကန်းများဆက်ကပ်၍ဝထ္ထုငွေများလှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြည်။

ထို့နောက် ဆရာတော်သံဃာတော်များအားအာရုံဆွမ်းဆက်ကပ်လှူဒါန်းကြပြီး တက်ရောက်လာကြသော တောင်ဥက္ကလာပမြို့နယ် တာမွေမြို့နယ် ရန်ကင်းမြို့နယ် သင်္ဃန်းကျွန်းမြို့နယ် (၄) မြို့နယ်မှ တက်ရောက်လာကြသော ကော်မတီဝင်များအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။
135 views15:10
Open / Comment
2023-07-25 18:07:53
သစ်ပင်စိုက်ပွဲတော်သို့တက်ရောက်
သစ်ပင်စိုက်ပျိုး
==================
လေးမျက်နှာ ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ ခရိုင်
လေးမျက်နှာမြို့နယ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို25-7-2023  နံနက် 8 နာရီအချိန်တွင်လေးမျက်နှာမြို့နယ်ငဝန်ရွှေမြေဘောလုံးကွင်းတွင်ကျင်းပခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူတိုင်းပါတီ ကော်မတီဝင် ဦးကျော်ဝင်းနိုင် မြို့နယ်ပါတီဥက္ကဌဒေါ်စန်းစန်းချို အတွင်းရေးမှူးဦးဇော်ဝင်းအောင်မြို့နယ်ကော်မတီဝင် ဦးတင်စိုး ဦးစိုးပိုင် ဦးတင့်ဇော် ဦးမြင့်အုန်း အရန်ကော်မတီဝင်များနှင့်ပြည်ခိုင်ဖြိုးလူငယ် 10 ဦးတက်ရောက်၍သစ်ပင်များ
စိုက်ပျိုးခဲ့ပါသည်။
93 views15:07
Open / Comment
2023-07-25 18:03:11
မြို့နယ်ဘောလုံးအဖွဲ့ချုပ်အစည်းအဝေးသို့တက်ရောက်
အားပေး
=================
နောင်ချို ဇူလိုင် ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၊ပြည်နယ်ကော်မတီဝင် (နောင်ချိုမြို့နယ်၊ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ) ဦးခင်မောင်ချိုသည် ၂၀၂၃ ခုနှစ်၊ဇူလိုင်လ(၂၄)ရက်နေ့ တွင်၊ နောင်ချိုမြို့၊ မိုးလုံလေလုံအားကစားကွင်းတွင် မြို့နယ်ဘောလုံးအဖွဲ့ချုပ်နှင့် ပြည်သူလူထုတွေ့ဆုံပွဲသို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရပါသည်။
126 views15:03
Open / Comment
2023-07-25 17:16:44
274 views14:16
Open / Comment
2023-07-06 17:36:14
ကင်ဆာဝေဒနာရှင်အတွက်သွားရောက်
ထောက်ပံ့
====================
လားရှိုး ဇူလိုင် ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးခရိုင်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးတန်ဂွန်းနှင့် လားရှိုးခရိုင်ဘဏ္ဍာရေးမှူးဦးခင်အောင်ဆွေတို့သည် ၂၀၂၃ ခုနှစ်၊ဂျူလိုင်လ(၅)ရက်နေ့တွင်၊ ကင်ဆာရောဂါဝေဒနာအပြင်းအထန်ခံစားနေရသော ပြည်နယ်ပါတီရုံးအကူ+ယာဉ်မောင်းဖြစ်သူ ဦးမောင်တူး၏ဇနီးအား ၄င်း၏နေအိမ်သို့ သွားရောက်ကြည့်ရှု့၍ ဆေးဝါးကုသစရိတ်ကျပ်(၁၁၀ဝ၀ဝ) ကျပ်ကိုသွားရောက်ထောက်ပံ့ပေးခဲ့ကြကြောင်းသတင်းရရှိပါသည်။
483 views14:36
Open / Comment
2023-07-06 17:33:46
အမှတ်(၅၀၇)၊ခြေမြန်တပ်ရင်းနှစ်ပတ်လည်အခမ်းအနားသို့တက်ရောက်
=================
လားရှိုး ဇူလိုင် ၅

လားရှိုးမြို့ ၊ရပ်ကွက်
( ၅ )ရှိ အမှတ် (၅၀၇)ခြေမြန်တပ်ရင်း
၏  ( ၃၁ )နှစ်မြောက် တပ်နှစ်ပတ်လည်
နေ့ အခမ်းအနား သို့ လားရှိုး ခရိုင် ပါတီ
ဘဏ္ဍာရေးမူး ဦးခင်အောင်ဆွေ နှင့်
ကော်မတီဝင် ဦး ချန်းကောတို့တက်
ရောက်ခဲ့ပြီး အမှတ်တရ လက်ဆောင်
ပစ္စည်း များ ပေးအပ်ခဲ့ကြပါသည်။
505 views14:33
Open / Comment
2023-07-06 17:31:23
သီပေါမြို့နယ်ပါတီ ဥက္ကဋ္ဌ အ.ထ.က(၂) မိဘဆရာ အသင်း အစည်းအဝေးတက်ရောက်
=====================
သီပေါ  ဇူလိုင် ၅

ရှမ်း/မြောက် ကျောက်မဲ ခရိုင်  သီပေါမြို့နယ်  အ.ထ.က(၂)ကျောင်း မိဘဆရာ အစည်းအဝေးကို ယနေ့ မနက်ပိုင်းက ကျောင်းခမ်းမတွင် ကျင်းပရာ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးအောင်အောင် တက်ရောက်ခဲ့ပြီး ဆရာလိုအပ်ချက်အရ ငှားရမ်းထားရသည့် ဆရာများ၏ လစာ အတွက် အလှူငွေ (၅၀၀၀၀/)ကျပ်အား ပေးအပ်လှူဒါန်းခဲ့ပါသည်.....
331 views14:31
Open / Comment
2023-07-06 17:27:33
မယ်စဲ့ဒေသမှ စစ်ဘေးရှောင် ပြည်ခိုင်ဖြိုးပါတီဝင်မိသားစုများအား သွားရောက်တွေ့ဆုံအားပေး
==============================

တောင်ကြီး  ဇူလိုင် ၄

ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့် ခေတ္တအတွင်းရေးမှူး
ဦးစိန်လေးမောင်တို့သည် ကယားပြည်နယ် မယ်စဲ့မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် ဦးစိုင်းနှင်းဝေတို့အပါ မိသားစု (၂)စုအား တာချီလိတ်မြို့မှ တဆင့် တောင်ကြီးမြို့သို့ အစိုးရအစီအစဉ်ဖြင့် အောင်မြေသာစည် ဘုန်းကြီးကျောင်းသို့ ရောက်ရှိလာကြောင်းသိရှိရသဖြင့် သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားကာ ကူညီထောက်ပံ့မှုများ ပေးခဲ့ပါသည်။
276 views14:27
Open / Comment
2023-07-06 17:24:59
မိုင်းဖြတ်ပါတီ လူငယ်အဖွဲ့၀င်များ ရေကြီးရေလျှံသည့်နေရာသို့သွားရောက်ကူညီ
=======================
မိုင်းဖြတ်၊  ဇူလိုင်  ၆ 

မိုင်းဖြတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ၊ လူငယ်အဖွဲ့ခေါင်းဆောင်  ဦးစိုင်းဆေးနော်နှင့် လူငယ်များမှ            ( ၅-၇-၂၀၂၃) ရက်နေ့၊( ၁၃၀၀)နာရီမှစပြီးသည်းထန်စွာရွာသွန်းခဲ့သည့်မိုးကြောင့် မြို့တွင်း ရေနုတ် မြောင်းများပိတ်ဆို့ကာ   စျေးတန်းရပ်ကွက်၊ ၀မ်ဟွေရပ်ကွက်၊ ဟိုနားရှမ်း၊ ဟိုနားစောမွန်ရွာတို့၌ ရေကြီးရေလျှံခြင်းများကြောင့် လမ်းသွား လမ်းလာပြုနေသည့် ကျောင်းကြိုပို့ကားများ၊ မော်တော် ဆိုင်ကယ်များအခက်အခဲကိုကူညီပေးရန် ရေကြီးရေလျှံ ရာနေရာများသို့သွားရောက်ကာ ရေမြောင်း များ ဖော်ပေးခြင်း အမှိုက်များရှင်လင်းပေးခဲ့ကြောင်းသိရှိရပါသည်
295 views14:24
Open / Comment